Last day to register for High Impact Presentations! Register Now
Live Online IconLive အွန်လိုင်းသင်တန်
Leadership
ခေါင်းဆောင်မှု

တက်ကြွစေရန် စေ့ဆော်တွန်းအားပေးခြင်း၏ လျှို့ဝှက်ချက်များ

ဝန်ထမ်းများအဖို့ ကုန်ထုတ်စွမ်းအားမြင့်မားမှု ရရှိအောင်စွမ်းဆောင်နိုင်ခြင်း၏ အဓိက သော့ချက်သည် တက်ကြွစေရန် စေ့ဆော်တွန်းအားပေးခြင်းပင်ဖြစ်သည်။ ညီညွတ်စွာ ဆောင်ရွက်ခြင်းကို အလေးထား ဦးတည်သော ခေါင်းဆောင်များသည် ၎င်းတို့အဖွဲ့အစည်းများ၏ ဝန်ထမ်းများအတွက် အနာဂတ်အလားအလာများကို လမ်းဖွင့်ဖော်ထုတ်စေနိုင်ရန် ဤအွန်လိုင်းအခြေပြုသင်တန်း၏ ထိုးထွင်းသိမြင်စေသော သင်ရိုးများက အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ခိုင်မာသောဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်း၊ ကတိပြုထားသော လုပ်ငန်းဆောင်တာများ ပြီးမြောက်အောင် အားပေးတိုက်တွန်း ဆောင်ရွက်ခြင်းနှင့် ဆန်းသစ်သော တီထွင်ကြံဆမှုများကို တွဲဖက်အသုံးပြုခြင်းတို့ကို ပိုမိုကောင်းမွန်စေမည့် လျှို့ဝှက်နည်းလမ်းများကိုလေ့လာသင်ယူလိုက်ပါ။.
သင်တန်းအကြောင်း

ဝန်ထမ်းများအဖို့ ကုန်ထုတ်စွမ်းအားမြင့်မားမှု ရရှိအောင်စွမ်းဆောင်နိုင်ခြင်း၏ အဓိက သော့ချက်သည် တက်ကြွစေရန် စေ့ဆော်တွန်းအားပေးခြင်းပင်ဖြစ်သည်။ ညီညွတ်စွာ ဆောင်ရွက်ခြင်းကို အလေးထား ဦးတည်သော ခေါင်းဆောင်များသည် ၎င်းတို့အဖွဲ့အစည်းများ၏ ဝန်ထမ်းများအတွက် အနာဂတ်အလားအလာများကို လမ်းဖွင့်ဖော်ထုတ်စေနိုင်ရန် ဤအွန်လိုင်းအခြေပြုသင်တန်း၏ ထိုးထွင်းသိမြင်စေသော သင်ရိုးများက အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ခိုင်မာသောဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်း၊ ကတိပြုထားသော လုပ်ငန်းဆောင်တာများ ပြီးမြောက်အောင် အားပေးတိုက်တွန်း ဆောင်ရွက်ခြင်းနှင့် ဆန်းသစ်သော တီထွင်ကြံဆမှုများကို တွဲဖက်အသုံးပြုခြင်းတို့ကို ပိုမိုကောင်းမွန်စေမည့် လျှို့ဝှက်နည်းလမ်းများကိုလေ့လာသင်ယူလိုက်ပါ။

သင်လေ့လာသင်ယူရမည့် အရာများ

ဝန်ထမ်းများ အလုပ်တွင်စိတ်ဝင်စားမှု လျော့နည်းလာခြင်းနှင့် အလုပ်မှနှုတ်ထွက်လိုခြင်း အခြေအနေ၊ လက္ခဏာများကို သိရှိနားလည်ပြီး ထိန်းချုပ်ကျော်လွှားနိုင်ရန် လေ့လာသင်ယူလိုက်ပါ။ သင့်ဝန်ထမ်းများ လုပ်ငန်းဆောင်တာများကို အရှိန်မပျက်ဆက်လက်လုပ်ဆောင်နိုင်ခြင်း အလို့ငှါ လုပ်ငန်း အတွေ့အကြုံများ နှင့်တကွ ၎င်းတို့ အမှန်တကယ် အလိုရှိသော အကျိုးခံစားခွင့်များကို ရှာဖွေ ဖော်ထုတ်လိုက်ပါ။ သင်က သူတို့အပေါ် မည်မျှတန်ဖိုးထားအသိအမှတ်ပြုသည်ကို သိမြင်နားလည်စေရန် ရိုးရှင်းသော နည်းလမ်း များကို လိုက်နာအသုံးပြုခြင်းဖြင့် အကျိုးများစေပြီး ရိုးသားစစ်မှန်သော ဆက်ဆံရေးများကို ခိုင်မာစွာ တည်ဆောက်ပါ။

ပိုမိုပြသပါ
Show Less

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

အသင်းအဖွဲ့တစ်ခု၏ အောင်မြင်မှုသည် ဝန်ထမ်းများနှင့် ၎င်းတို့ကိုစီမံခန့်ခွဲသူ(မန်နေဂျာ)တို့၏ ကောင်းမွန်သော ဆက်ဆံရေးပေါ်တွင် များစွာမူတည်သည်။ စေ့ဆော်တွန်းအားပေးခြင်းနှင့် စစ်မှန်သော တန်ဖိုးထား အသိအမှတ်ပြုခြင်းတို့ဖြင့် ထိုဆက်ဆံရေးများကို ခိုင်မာစေခြင်းအတွက် ဤသင်တန်း၏ သင်ရိုးများက အထောက်အကူဖြစ်စေပါလိမ့်မည်။ ထိုင်းမှိုင်းငြီးငွေ့ဖွယ်ကောင်းပြီး စွမ်းဆောင်ရည်လျော့ကျ နေသောလုပ်ငန်းခွင်များအား စိတ်အားထက်သန်မှုနှင့် ကုန်ထုတ်စွမ်းအား မြင့်မားမှုတို့ဖြင့် ပြည့်ဝနေသော လုပ်ငန်းခွင်များအဖြစ် ပြောင်းလဲလိုက်ပါ။

ပိုမိုပြသပါ
Show Less

သင့်ကို မည်သို့ ကူညီပေးမည်

အများအပေါ် သြဇာလွှမ်းမိုးကာ ထက်သန်တက်ကြွစေပြီး ပိုမိုတိုးတက်မြင့်မား စေသော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် လျှို့ဝှက်လမ်းညွှန်မှုများကို ဤသင်တန်းက ဖော်ထုတ်ပြသ သင်ကြားပေးပါလိမ့်မည်။ ၎င်းတို့နှင့် အမှန်တကယ်ကိုက်ညီသော လုပ်ငန်းခွင်တွင် ပိုမိုသိမြင်နားလည် သဘောပေါက်ပြီး စိတ်ပါဝင်စားကာ အံဝင်ခွင်ကျသဟဇာတ ဖြစ်လာစေရန်နှင့် တိုးတက်မြင့်မားလာခြင်းအလို့ငှာ ပြည့်စုံသော အလားအလာကောင်းများကို ရရှိနိုင်ရန် စေ့ဆော်တွန်းအားပေးပြီး အခြားအခွင့်အလမ်းများကိုလဲ ပြီးမြောက် အောင်မြင်စေရန် အတူတကွလုပ်ဆောင်လိုက်ပါ။

ပိုမိုပြသပါ
Show Less
Select the best option for you:
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
စာမျက်နှာကို ပုံနှိပ်ထုတ်မည်
မျှဝေရန်
Select the best option for you:
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
Questions?
: