မန်နေဂျာ-ဝန်ထမ်းဆက်ဆံရေး : ချိတ်ဆက်မှု၏အခြေခံလိုအပ်ချက်
မန်နေဂျာ-ဝန်ထမ်းဆက်ဆံရေး : ချိတ်ဆက်မှု၏အခြေခံလိုအပ်ချက်သည် ၂ နာရီကြာသော အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ဝန်ထမ်းများကို ကိုယ်ပိုင်ယုံကြည်ချက်မြင့်တက်လာစေပြီး စိတ်အားတက်ကြွသော၊ အာဏာရှိသောခံစားမှုရရှိစေသည့်တန်ဖိုးကို ဦးစားပေးသော ယဉ်ကျေးမှုတစ်ခုဖန်တီးရန် လိုအပ်သောအထောက်အပံ့ပစ္စည်းများ ကို ပေးအပ်သွားပါမည်။ ချိတ်ဆက်မှုအားပေးရန် တသမတ်တည်း မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးလုပ်ဆောင်မှုများကို သင်ယူပြီး တိုင်းတာနိုင်သောရလဒ်များကို မြင်တွေ့ခံစားလိုက်ပါ။
သင်လေ့လာသင်ယူရမည့် အရာများ
ဤအလုပ်ရုံဆွေးနွေးပွဲသည် အပြန်အလှန် တုံ့ပြန်ဆွေးနွေးသောပုံစံဖြင့်သွားမည်ဖြစ်ပါသည်။ သင်သည် Employee Engagementအင်တာဗျူးတစ်ခု ဖန်တီးရန် လုပ်ငန်းစဉ်တစ်ခုကို လေ့ကျင့်ရပါမည်။ ပုဂ္ဂိုလ်ပိုင်းဗဟိုပြုခေါင်းဆောင်မှု မဟာဗျူဟာများကိုလေ့လာရကာ Employee Engagement ပိုမိုမြင့်မား၍တက်ကြွလာစေရန် သက်သေပြပြီးဖြစ်သော ကိုယ်ပိုင်အသိအမှတ်ပြုပေးခြင်း ဖော်မြူလာတစ်ခုကို လက်ခံရရှိမည်ဖြစ်ပါသည်။ Employee Engagementကို တွန်းအားပေးသော အခြေခံသဘောတရားများနှင့် မန်နေဂျာတစ်ယောက်၏ အခန်းကဏ္ဍမှာ အဘယ်ကြောင့် ပဓာနဖြစ်နေသည်ကို ရှာဖွေလေ့လာလိုက်ပါ။
သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်
မလိုလားအပ်သော ဝန်ထမ်းနုတ်ထွက်မှုနှုန်းလျှော့ချလိုသော၊ လုပ်ငန်းအကျိုးရှိရှိပြီးမြောက်ဖြစ်ထွန်းမှုနှုန်းမြှင့်တင်လိုသော၊ အဖွဲ့အစည်း၏ လိုအပ်ချက်ပန်းတိုင်များနှင့်ကိုက်ညီစွာဆောင်ရွက်တတ်သော ဝန်ထမ်းအင်အားစုတစ်ခုတည်ဆောက်လိုသော ခေါင်းဆောင်များအတွက် ဤအလုပ်ရုံဆွေးနွေးပွဲသည် အရေးကြီးပါသည်။ ဤဆွေးနွေးပွဲသည် သင်၏အခြေခံလိုအပ်ချက်များအတွက် အပြုသဘောဆောင်သော အဤုးရလဒ်ရရှိစေမည့်၊ ပို၍ စည်းလုံးညီညွတ်သော အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းရန် ကူညီပေးပါလိမ့်မည်။
သင့်ကို မည်သို့ ကူညီပေးမည်
ယုံကြည်မှု၊ ချိတ်ဆက်ထားရှိမှုတို့နှင့် တည်ဆောက်ထားသော လုပ်ငန်းခွင်တစ်ခုသည် ဝန်ထမ်းနုတ်ထွက်မှုနှုန်းလျော့နည်းစေပြီး လုပ်ငန်းပြီးမြောက်မှုနှုန်းကို တိုးပွားစေသည်ဟု သုတေသနများက ဖော်ပြပါသည်။ တိုးတက်လာသော လုပ်ဆောင်မှုထွက်ကုန်များနှင့် အရည်အသွေးများသည် စားသုံးသူများကို ပိုမိုပျော်ရွှင်စေပြီး ROI ကိုလည်း မြင့်တက်စေပါသည်။ ဆိုတော့.. အခြေခံလိုအပ်ချက်လား? ချိတ်ဆက်ထားပေးမှုသည် သင့်အခြေခံလိုအပ်ချက်များအတွက် အကုအညီပေးနိုင်ပါသည်။